Photo များ ကြည့်ရှုရန်

dhamaalin@gmail.com

တရား ပရိတ်သတ်

   

Font ပြောင်းရန်

ဝိပဿနာ မလုပ်သေးတာဖြင့် သေရတာ အားမရသေးလို့လား မေးဖို့ပဲရှိတော့တယ်။ ခင်များ တို့ အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့ ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။ ခင်များတို့က မသိလို့အေးအေးနေတာ။ တော်ကြာခင်များ တို့ တွေ့ရမဲ့ဒုက္ခက မသေးဘူးနော်။ ဆုတောင်းပြည့် ဘုရား မကယ်နိုင်ဘူး။ ဖြေးဖြေးမှဆိုတဲ့ ဆင်ခြေပေးနေလို့ကတော့ ငရဲမျိုးစေ့ကြီးပွား ပါရစေဆိုတာနဲ့ အတူတူပဲ။ (မိုးကုတ်ဆရာတော်ဘုရားကြီး )



ဓမ္မရတနာ ဆိုသည်မှာ






ဗုဒ္ဓ ၊ ဓမ္မ ၊ သံဃ စတဲ့ ရတနာ သုံးပါးသည် ဗုဒ္ဓဘာသာဝင်တိုင်း ဆည်းကပ်ကိုးကွယ်ရာ ၊ ကြည်ညိုပူဇော်ရာ ၊ အမြတ်တနိုးထားရာ ရတနာသုံးပါး မဟုတ်ပါလော ။ အဘယ့်ကြောင့် ရတနာနှင့် နှိုင်းယှဉ် ရသနည်းဟု ဆိုလာလျှင် ဗုဒ္ဓ ဓမ္မ သံဃတို့၏ ကျေးဇူးဂုဏ်တို့အား တန်ဖိုး မဖြတ်နိုင်သောကြောင့် ပင်တည်း ။ ဓမ္မဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား သဘာဝတရားဖြစ်သည် ။ မြတ်စွာဘုရား မပွင့်ခင်ကတည်းက ရှိခဲ့သည် ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာလည်း ရှိခဲ့သည် ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက်ပိုင်း တွင်လည်း ရှိနေသည် ။ အချိန်တိုင်း အမြဲတမ်း မှန်ကန်နေသော တရားသည် ဓမ္မပင် ဖြစ်ပေတော့သည် ။ ရတနာကို ရတနာမှန်း မသိသော သူတို့သည် အဖိုးအန ဂ္ဃ ထိုက်တန်လှသော ရတနာပုံ အပေါ်သို့ ရောက်နေ သော်ငြားလည်း ရတနာတို့၏ တန်ဖိုးကို မသိသဖြင့် မည်သို့ ထုတ်ယူသုံးစွဲခြင်းငှာ မစွမ်းနိုင်သကဲ့သို့ သံသရာ ၀ဋ်ဆင်းရဲတွင်းမှ လွတ်ကင်းရာ နိဗ္ဗာန်လမ်းကို ပြညွှန်သော မြတ်ဗုဒ္ဓ၏ ဓမ္မတန်ဖိုးကို မသိကြကုန်သော သူတို့ သည်လည်း ဗုဒ္ဓသာသနာတော်၏ အနှစ်သာရ တန်ဖိုးကို ထုတ်ယူသုံးစွဲ ကျင့်ကြံအားထုတ်ခြင်းငှာ မစွမ်းနိုင် ကြပေ ။

ယေဘူယျတရားနားလည်မှုမှသည် ဓမ္မာနုပဿနာဆီသို့(ebook)

ဆရာတော်ဦးဥတ္တမသာရ ဟောကြားသော သစ္စာတရားတော်များကို ပိုမို နားလည်စေဖို့ သက်သက် အတွက်သာ ရည်ရွယ်လျှက် ဥာဏ်မီသလောက် တင်ပြရခြင်းဖြစ်ပါသည်။

ဆရာတော်မှ တည်းဖြတ်ခြင်း မပြုရသေးသဖြင့် တစုံတရာ ချွတ်ချော်မှုများရှိခဲ့ပါက စာရေးသူ ၏ တင်ပြပုံ အားနည်းမှုကြောင့်သာ ဖြစ်ပါသည်။

ဆရာတော်ဟောကြားသောတရားတော်များကို ပိုမိုရှင်းလင်းစွာနားလည်စေရန်အတွက် ယခုလက်ရှိ ကျွန်ုပ်တို့ ယေဘူယျ နားလည်နေသော တရားရှုမှတ်ပုံ နှင့် ဆရာတော်သင်ပြပေးသော တရားနှလုံးသွင်းပုံ တို့ကို ယှဉ်လျှက် ဇယားပုံစံဖြင့် တင်ပြထားပါသည်။

အမှားတဖက် ၊ အမှန်တဖက် ဟု နားလည်ရမှာမျိုး မဟုတ်ဘဲ၊ အခြေခံ တရားရှုမှတ်မှု မှ သည် ဓမ္မနုပဿနာ ဆိုက်သော နှလုံးသွင်းမှုမျိုး ပြောင်းလဲဖြစ်ပေါ်စေရန်အတွက် ရှင်းလင်းစွာ ခွဲခြား သိနားလည်နိုင်စေဖို့ အတွက်သာ ရည်ရွယ်တင်ပြထားခြင်းဖြစ်ပါသည်။

ဖတ်ရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့ open minded စိတ်ထားဖြင့် ကိုယ်တိုင် လက်တွေ့စမ်းသပ်ကြည့်ပါကုန်။ ဆရာတော် ဟောကြားသော guided meditation သစ္စာတရားတော်များကို ကြိမ်ဖန်များစွာနာယူ၍ တရား နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ လေ့ကျင့်ကြည့်ကြဖို့ လိုအပ်ပါသည်။

''အမှန်တရားအတွက် မှတ်ကျောက်သည် မိမိ လောဘ-ဒေါသ-မောဟ (သမုတိသစ္စာများကို အတည်ယူ ဆုပ်ကိုင်မှု၊ အဟုတ်ထင်၊ ငြိတွယ်မှု) မည်မျှ ကင်းနေ (သို့) မည်မျှ ကင်းလာသလဲ ဆိုသောအချက် ဖြစ်သည်'' ဆိုတာကိုတော့ ကျွန်ုပ်တို့ မမေ့ရန် အထူး လိုအပ်လှပါသည်။

အောက်ပါ လင့်တွင်ဖြစ်စေ ၊ attachment တွင်ဖြစ်စေ ဒေါင်းလုပ် ရယူနိုင်ပါပြီ။

http://www.mediafire.com/?sygk31hz5154ofb


စိတ်ဝင်စားသေးရင် နှိပ်လိုက်ပါ ခင်ဗျ >>------>

16-11 သစ္စာတရားစီးရီး

၂၀၁၁ ဇူလိုင်လ၊ မန္တလေးမြို့ ၊ တောင်စလင်းတိုက်သစ်ကျောင်း (၃) ရက်တရားစခန်းတွင်ဟောကြားသော တရားတော်များ ဖြစ်ပါသည်။



ဒေါင်းလုပ်ရယူရန် -
ဒီကိုနှိပ်ပါ DOWNLOAD

- ဘာတွေ၊ ညာတွေ၊ ဘာဖြစ်၊ ညာဖြစ် ဆိုတဲ့ အကျိုးတရားတွေကို သတိထားနေမှု၊ အဓိကထားနေမှုအစား -
- တစ်ခုခု၊ တစ်ယောက်ယောက်တွေကို အဓိကထားနေမှုအစား
- ဝေဒနာတွေ၊ စိတ်တွေကို အဓိကထားနေမှုအစား
- ဟိုလိုလုပ်မှ ၊ ဒီလိုလုပ်မှ ဆိုတဲ့ နည်းစနစ် တွေကို အဓိကထားနေမှုအစား
- ရောဂါဖြစ်မှု - မဖြစ်မှု ၊ နာမှု - မနာမှု ၊ ဝေဒနာရှိမှု - မရှိမှု တွေကို အဓိကထားနေမှုအစား
- စိတ်ပျံလွင့်မှု၊ မပျံလွင့်မှု တွေကို အဓိကထားနေမှုအစား
- ဆူညံမှု၊ တိတ်ဆိတ်မှု၊ ပူမှု၊ အေးမှု၊ ဆင်းရဲမှု၊ ချမ်းသာမှု၊ တည်ငြိမ်မှု၊ မတည်ငြိမ်မှု တို့ကို အဓိကထားနေမှုအစား

ဒါတွေအပေါ် အတည်မယူဖို့ ၊ မဆုပ်ကိုင်ဖို့ ၊ အဟုတ်မထင်ဖို့ .....
တွေ့ကြုံရုံသက်သက် .... တွေ့ကြုံတတ်စေဖို့ကို ပဲ အဓိကထားကြည့်ပါ။

ရုပ်-စိတ်-ဝေဒနာ ဟူသမျှ တို့သည် လည်းကောင်း ၊
သတ်မှတ်ချက်ဟူသမျှတို့သည်လည်းကောင်း၊
အနိစ္စ တရား ဖြစ်သောကြောင့်
ဒုက္ခတရား ဖြစ်သောကြောင့်
အနတ္တတရား ဖြစ်သောကြောင့် ....

အတည်ယူလို့မရ ၊ ဆုပ်ကိုင်လို့ မရ ၊ အဟုတ်ထင်လို့မရ ။
အတည်ယူလို့မရ ၊ ဆုပ်ကိုင်လို့ မရ ၊ အဟုတ်ထင်လို့မရ ။ ဟူသော အမှန်တရားကို မမေ့ဖို့သာ အဓိကထားပါ။
(ဦးဥတ္တမသာရ- သန်လျင်သဘာဝရိပ်သာ)

စိတ်ဝင်စားသေးရင် နှိပ်လိုက်ပါ ခင်ဗျ >>------>

ကျွန်ုပ်တို့ တကယ်ချစ်နေတာ ဘာလဲ (အပိုင်း -၂) အများအကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်ခြင်း


မိမိစိတ်ခံစားချက်များကို သာလျှင် အဟုတ်ထင် အတည်ယူ အဓိကထားလွန်း ဦးစားပေးလွန်းရာမှ မိမိကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်လောက ကိုပါ စိတ်ဆင်းရဲစေသော-ထိခိုက်စေသော ကာယကံမှု - ၀စီကံမှု များကို ပြုလုပ်မိကြကြောင်း ရှေ့ဆောင်းပါးတွင်ဖော်ပြပြီးဖြစ်လေသည်။

Reverse orderအပြန်အလှန်အားဖြင့် မိမိစိတ်ခံစားချက်များကို အတည်မယူ မဆုပ်ကိုင်ပဲ စိတ်ခံစားချက်များအပေါ် အဟုတ်ထင်ငြိတွယ်မှုကို စွန့်လွတ်နိုင်ပါက မိမိကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်လောက ကိုပါ ကောင်းကျိုး ချမ်းသာများ ဖြစ်ပွါးစေကြောင်း ကို သိနားလည်စေရန် တင်ပြအပ်ပါသည်။
---------------------------------------------------------------------------------------------------------------------
၁) အကြိမ်အရာတစ်ထောင်မက ဆွေးနွေးငြင်းခုန် ခဲ့ကြပြီးလေပြီ။

တိုင်းပြည်ကောင်းကျိုး၊ အများကောင်းကျိုး မိမိပတ်ဝန်းကျင်နှင့်တကွ လူသားများ စိတ်အေးချမ်းသာရေး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ အများပြည်သူများ ကျန်းမာပျော်ရွှင်ရေး နှင့်တကွ ဘာသာရေး အကြောင်းများ၊ ကိုယ့်ကျင့်တရား (သို့) စောင့်ထိန်းမှု ကျင့်ဝတ်စည်းကမ်းများ အကြောင်းများကျွန်ုပ်တို့အတွေ အကြိမ်အရာတစ်ထောင်မက ဆွေးနွေးငြင်းခုန်ခဲ့ကြပြီးလေပြီ။

သို့ရာတွင် လက်တွေ့တွင်မူ လောက ကောင်းကျိုး၊ လူသားများ ကောင်းကျိုး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ မဆိုထားဘိ လက်တစ်ဆုပ်စာ ကျွန်ုပ်တို့ ၏ မိသားစု၊ နီးစပ်ရာ မိတ်ဆွေ၊ ဆွေမျိုးများနှင့်ပင် သဟဇာတ မဖြစ်၊ ရင်ထဲ နေ့စဉ်နှင့်အမျှ မကျေနပ်မှု၊ အစာမကြေမှု၊ ၀န်တိုမှု၊ လောကြီးမှု၊ ပူပန်ယောက်ယက်ခတ်မှုတို့ အနည်း နှင့် အများ ဖြစ်ပေါ်ကာ စိတ်အေးချမ်း တည်ငြိမ်မှု တို့ အလျဉ်းကင်းဝေးနေပေသည်။

မိမိကိုယ်တိုင် က စိတ်နှလုံး တည်ငြိမ်အေးချမ်းမှု မရှိဘဲ (သို့) မိမိ လက်တဆုပ်စာ မိတ်ဆွေ-ဆွေမျိုးများနှင့် ပင် သဟဇာတဖြစ်မှု၊ ဟန်ဆောင်မှုမပါ ပကတိ ငြိမ်းချမ်းရိုးသားစွာ ရင်းနှီးသောဆက်ဆံမှု တို့မရှိပါပဲလျှက် အများကောင်းကျိုး (သို့) မိမိပတ်ဝန်းကျင်နှင့်တကွ လူသားများ စိတ်အေးချမ်းသာရေး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် မည်မျှပင် ပြောဆို ငြင်းခုန်မှု နေပါစေ အဆန်မပါသော သင်္ကြန်အမြှောက်များ ပမာ ဖြစ်ပေသည်။

၂) လောက-ကမ္ဘာကြီးငြိမ်းချမ်းဖို့ အတွက်လား

ဆရာကြီး ဦးဂိုအင်ကာအား အင်တာဗျူးတစ်ခုတွင် ကမ္ဘာကြီးငြိမ်းချမ်းမှုအတွက် ရာစုနှစ်ပေါင်းများစွာ လူသားတို့ ကြိုးစားလာခဲ့သော်လည်း ခုချိန်ထိ မအောင်မြင်နိုင်ပဲ စစ်ပွဲများမပြတ်ရှိနေခြင်း အတွက် မည်သို့ လုပ်ဆောင်ရမည် ကို မေးမြန်းလေသည်။ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့ အထူးတလည် ကြီးကြီးကျယ်ကျယ် လုပ်နေရမှာမဟုတ်ပဲ မိမိတို့ တစ်ဦးချင်းစီ၏ စိတ်နှလုံးကို အခြေအနေတိုင်းမှာ ညီညွှတ်မျှတ အေးချမ်းနေသော အကျင့် (၀ိပဿနာနှလုံးသွင်းမှု)ကို လုပ်ဆောင်တတ်ဖို့သာ လိုအပ်ပေသည်။

လူအဖွဲ့အစည်း၊ နိုင်ငံ၊ ကမ္ဘာကြီးဟူသည် တစ်ဦးစီတစ်ဦးစီ စုပေါင်းထားခြင်းမျှသာဖြစ်သဖြင့် တစ်ဦးစီ တစ်ဦးစီတွင် ပူလောင်မှု၊ မကျေနပ်မှု၊ မုန်းတီးမှု၊ အာဃာတများ မရှိလာပါက တစ်ဦးချင်းစီဖြင့် ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်း (သို့) နိုင်ငံအသီးသီးတွင်လည်း ပူလောင်မှု၊ မကျေနပ်မှု၊ မုန်းတီးမှု၊ အာဃာတများကင်းဝေးကာ စစ်ပွဲများ ကင်းဆိတ်သည်ဖြစ်လျှက် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းများ များ တိုးပွားလာကာ ငြိမ်းချမ်းသောနိုင်ငံ(သို့)ကမ္ဘာကြီး ဖြစ်ပေါ်လာပေမည်။


.၃) မိမိစိတ်ခံစားချက်- ဝေဒနာများကို အဟုတ်ထင် အတည်ယူ ဆုပ်ကိုင်မှု ကို စွန့်လွှတ်နိုင်သောပညာ

ထို့ကြောင့် မိမိ အတ္တ ကို အဟုတ်ထင်ကာ (သို့) မိမိ စိတ်ခံစားချက်-ဝေဒနာ များကိုသာ ဦးစားပေးလျှက် .....အတည်ယူ ငြိတွယ် ဆုပ်ကိုင်နေမှုကို မှန်မှန်ကန်ကန် စွန့်လွှတ်တတ်မှသာ .....(မိမိ စိတ်ခံစားချက်များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းမှု (၀ါ) အတ္တကို ရှေ့တန်းတင်မှု) ........ အမူအကျင့်များ လျော့နည်းလာကာ အများအကျိုး-လောကကောင်းကျိုးအတွက် ကြည့်တတ် စဉ်စားတတ် လုပ်ဆောင်ပေးတတ်သော အနစ်နာခံနိုင်သော စိတ်သဘောထားများ ဖြစ်လာပေမည်။

မိမိစိတ်ခံစားချက် (ဝေဒနာ) များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းမှု (၀ါ) အတ္တကို ရှေ့တန်းတင်မှု) ကို စွန့်လွှတ်ရန် ကျွန်ုပ်တို့ အပြောလွယ်ကူသလောက် လက်တွေ့တွင်မူ မှန်ကန်စွာ လမ်းညွှန်ပြနိုင်သော ဆရာ(ကလျာဏမိတ္တ မပါဝင်ဘဲ) ခက်ခဲလှကြောင်း အလုပ်စခန်းတွင် တွေ့နိုင်ပါသည်။

မိမိစိတ်ခံစားချက် (ဝေဒနာ) များကို သာလျှင် အဓိကထားသော ဦးစားပေးသောအမူအကျင့်ကို မှန်မှန်ကန်ကန် စွန့်လွှတ်တတ်မှသာ (သို့) ထိုအမူအကျင့်ကို စွန့်လွှတ်တတ်သည့် အတတ်ပညာ ကို ကောင်းမွန်စွာ သိနားလည်-လေ့ကျင့်တတ်ကျွမ်းလာမှသာ စွန့်လွှတ်လာနိုင်ပေမည်။



ထိုအတတ်ပညာကို ၀ိပဿနာဘာဝနာမယပညာဟု ခေါ်ဆိုက ခေါ်ဆိုနိုင်ပါသည်။ (သို့) အများအကျိုးအတွက် မိမိစိတ်ခံစားချက်-ဝေဒနာများကို အဓိကထားမှု အဟုတ်ထင် ဆုပ်ကိုင်မှုကို စွန့်လွတ်နိုင်သည့် ပညာဟုခေါ်ဆိုနိုင်ပါသည်။

(မှတ်ချက်။ အကယ်၍ မိမိ စိတ်ခံစားချက်-ဝေဒနာများအပေါ် အဟုတ်ထင် အတည်ယူ ဆုပ်ကိုင်မှု အဓိကထားလွန်းမှု တို့ တစ တစ လျော့နည်းလာခြင်း မရှိပါက ကျွန်ုပ်တို့ ၀ိပဿနာအလုပ်စခန်းသို့ အမှန် မရောက်သေးဟုပင် ဆိုနိုင်ပါသည်။)

၎) ၀ိပဿနာဘာဝနာမယပညာကို လေ့ကျင့်ရာတွင်

မိမိ အကောင်း အဆိုး ခံစားချက် စိတ်ခံစားချက်(ဝေဒနာ) များကို အဓိကမထားပဲ စွန့်လွှတ်ရမည် ဟု ဆိုသဖြင့် မခံစားရပဲ နေရမည် ဟုမဆိုလိုပါ။ အကောင်းအဆိုး ခံစားမှုများကို ရပ်တန့်ပစ်ရမည်ဟု မဆိုလိုပါ။

မိမိ အကောင်း အဆိုး ခံစားချက် စိတ်ခံစားချက်-ဝေဒနာများနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ နားလည်မှုအစစ်၊ မှန်ကန်သောသဘောထား ဖြစ်ပေါ်ဖို့ အတွက်သာ လေ့ကျင့်ရမည်ဖြစ်သည်။ (တနည်းအားဖြင့်) ၀ိပဿနာဘာဝနာမယပညာကို သိနားလည်လျှက် လေ့ကျင့်ပေးဖို့သာ လိုအပ်ပေသည်။

ဝိပဿနာဘာဝနာမယပညာ အလုပ်စခန်းတွင် -
ကျွန်ုပ်တို့ တန်ဖိုးထားလွန်းနေသော စိတ်ခံစားချက်-ဝေဒနာ များ သည် တကယ့်တော့ အစစ်အမှန် ရှိနေ-ဖြစ်နေသော တရားများမဟုတ်ဘဲ အ၀ိဇ္ဖာ-သင်္ခါရ ဟူဆိုအပ်သော သမုဒယသစ္စာ၏ အသက်သွင်း ပုံဖော် လှည့်စား ဖန်တီးထားမှုသက်သက်ဖြစ်ကြောင်း နားလည်လက်ခံကာ...... စိတ်ခံစားချက်-ဝေဒနာများအပေါ် အဓိကထားလွန်း ဦးစားပေးလွန်းသော အတည်ယူ ဆုပ်ကိုင်နေသော အမူအကျင့် ကို မှန်မှန်ကန်ကန် စွန့်လွှတ်ဖို့ ကြိုးစားရပေသည်။

၅) ၀ိပဿနာဘာဝနာမယပညာ နှင့် အများအကျိုးကို ဆောင်ရွက်နိုင်ခြင်းဆက်စပ်ပုံ


ထို
မိမိစိတ်ခံစားချက်-ဝေဒနာများအပေါ် အဓိကထားနေမှု အမူအကျင့် (Traditional habit of the mind) ကို သိနားလည်လျှက် စွန့်လွှတ်တတ် သောအခါ မိမိနှင့် ပတ်ဝန်းကျင်လောကကို ထိခိုက် နစ်နာစေသာ ကာယကံမှု၊ ၀စီကံမှု တို့ကို မပြုလုပ်မိတော့ဘဲ အလိုလို စောင့်ထိန်းပြီးသား ဖြစ်ရုံမျှမက.............
အများကောင်းကျိုး လောကအကျိုးကိုလည်း မှန်ကန်ထိရောက်စွာ စွမ်းဆောင်နိုင်လေသည်။

ထို့ကြောင့် မိမိစိတ်ခံစားချက်-ဝေဒနာ များကို သာလျှင် အဓိကထား ဦးစားပေးလွန်းသောအမူအကျင့်ကို မှန်မှန်ကန်ကန် စွန့်လွှတ်ခြင်းအတတ်ပညာ (သို့) ၀ိပဿနာဘာဝနာမယပညာကို ဘ၀ တွင်
သိနားလည်ဖို့ရန် အရေးကြီးဆုံးဖြစ်လေသည်။

ဝိပဿနာဘာဝနာမယပညာဥာဏ် (၀ါ) မှန်ကန်တဲ့ နားလည်မှုအစစ်၊ မှန်ကန်သောသဘောထား ကပဲ ...မိမိစိတ်ခံစားချက် (ဝေဒနာ) များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းသော အမူအကျင့် ကို ပျောက်ပျက်သွားစေရန် စွမ်းဆောင်ပါလိမ့်မည်။ (တနည်းအားဖြင့်) အတ္တကို ရှေ့တန်းတင်မှု (အတ္တအယူ-သက္ကာယဒိဋ္ဌိ)ကို ပြုတ်ထွက်သွားအောင် ကျေးဇူးပြုပေလိမ့်မည်။

မှန်ကန်တဲ့ နားလည်မှုအစစ်၊ မှန်ကန်သောသဘောထား (သို့) မိမိစိတ်ခံစားချက်ကို အဟုတ်ထင်အဓိကထား- ရှေ့တန်းတင်မှု မရှိသဖြင့် အများအကျိုး အများစိတ်ချမ်းသာမှုကို ပိုမို ဦးစားပေး ဆောင်ရွက်နိုင်လာလေသည်။

၆) ၀ိပဿနာဘာဝနာမယပညာ(သို့) အများအကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်စေသောပညာ

ထိုကဲ့သို့ အများအကျိုး အများစိတ်ချမ်းသာဖို့ကို အမှန်တကယ် ဆောင်ရွက်နိုင်စေမည့် စွမ်းအားများကို ဖြစ်စေသော ၀ိပဿနာဘာဝနာမယပညာ ကို ကျွန်ုပ်နားလည်သလောက် .အကျဉ်းမျှ ဖော်ပြအပ်ပါသည်။

အဆိုးများကို ပယ်ကာ အကောင်းများကို ငြိတွယ်လျှက် သိမ်းပိုက်ဖို့ ရယူဖို့ ဖန်တီးကြိုးစားခြင်းမျိုးမဟုတ်ဘဲ။
အကောင်းပဲ ၊ အဆိုးပဲ ၊ လိုချင်စရာပဲ ဒေါသဖြစ်စရာပဲ၊ ငါ့အတွက်ပဲ၊ သူ့အတွက်ပဲ၊ ပူတာပဲ၊ အေးတာပဲ စသည်ဖြင့် သတ်မှတ်ချက်များ ဟူသည် တကယ်တော့ စိတ်၏ အသက်သွင်း ပုံဖော် ဖန်တီးထားမှု ဟု ယုံကြည်လက်ခံရပေမည်။


ထိုကဲ့သို့ စိတ်ထဲမှ ဆန့်ကျင်ဘက်သဘာဝတွေပဲ၊ အကောင်းပဲ-အဆိုးပဲ၊ လိုချင်စရာပဲ-ဒေါသဖြစ်စရာပဲ စသည်ဖြင့် အသက်သွင်း ပုံဖော် ဖန်တီးမှု သည်လည်း တကယ်တော့ ဖြစ်ပြီး ပျက်သွားသဖြင့် အတည်ယူလို့မရ ဆုပ်ကိုင်လို့မရ ဟူသောအမှန်တရားကို နားလည်သဘောပေါက်လျှက် တတ်နိုင်သမျှ သတိရ-သတိထားနေရပေမည်။

တနည်းအားဖြင့်

၁) ပူမှု-အေးမှု၊ နာမှု-မနာမှု၊ ချမ်းသာမှု-ဆင်းရဲမှု၊ စိတ်ပျံလွင့်မှု-စိတ်မပျံလွင့်မှု၊ စိတ်တည်ငြိမ်မှု- စိတ်ယောက်ယက်ခတ်မှု၊ စိတ်ချမ်းသာမှု-စိတ်ဆင်းရဲမှု၊ မကျေနပ်မှု-ကျေနပ်အားရမှု၊ ၀န်တိုမှု-ရက်ရောမှု စသည့် ပြောင်းလဲနေသော ဆန့်ကျင်ဘက် စိတ်ခံစားချက်များ-ဝေဒနာများ ကို အဓိကထားနေမှု သတိထားနေမှု" အစား ...........
......ထိုစိတ်ခံစားချက် -ဝေဒနာများ၏ အမှန်တရားဖြစ်သည့် (((အတည်ယူ-ဆုပ်ကိုင်ရမှာမဟုတ်ခြင်း ဟူသောအမှန်တရား)))ကို မမေ့ရန် သတိထားနေရန် ဖြစ်လေသည် ။

၂) မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ တွေးစိတ်၊ ကြံစိတ်၊ ကိုယ်ကျိုးရှာလိုစိတ်၊ အပြစ်တင်လိုစိတ်၊ မနာလိုစိတ်၊ ပူပန်စိတ်၊ သောကစိတ်၊ လောဘစိတ်၊ ဒေါသစိတ်တွ စသည်ဖြင့် အမျိုးမျိုးသော စိတ်ခံစားချက်များ ကို အဟုတ်ထင်- အတည်ယူကာ အဓိကထား သတိထားနေမှု" အစား........

..... စိတ်ခံစားချက် ဟူသမျှသည် ဖြစ်ပြီး ပျက်သွားသဖြင့် -
ထို စိတ်ခံစားချက်များ၏ အမှန်တရားဖြစ်သည့်
" အတည်ယူလို့မရခြင်း၊ ဆုပ်ကိုင်ထားလို့မရခြင်း၊ တွေ့ကြုံရုံသက်သက်၊ အသုံးချရုံသက်သက် သာဖြစ်ခြင်း ဟူသော အမှန်တရား" ကို သာ မမေ့ခြင်း အဓိကထားနေခြင်း သတိရနေခြင်း.....ဖြစ်လေသည်။

၃) ဖြစ်ပေါ်လာသမျှ စိတ်ခံစားချက်-ဝေဒနာတွေ အပေါ် အတည်ယူ ဆုပ်ကိုင် အဟုတ်ထင်လျှက် ဖြစ်ပြန်ပြီ - ပျက်ပြန်ပြီ ဟု - "ဖြစ်ပျက်သမျှအပေါ် အဟုတ်ထင် အဓိကထား-သတိထားနေမှု" .... အစား........

..... ဖြစ်ပေါ်လာသမျှ စိတ်ခံစားချက်-ဝေဒနာတွေ ကို .... အဟုတ်ထင် - တကယ်ထင်ကာ၊ အဓိကထားနေအောင် ဦးစားပေးနေအောင် ( စိတ်၏ )ပုံဖော် အသက်သွင်း ဖန်တီးပြုလုပ်နေမှု (အ၀ိဇ္ဇာ - သင်္ခါရ) ပဲ တကယ် ဖြစ်နေသည်ဟု လက်ခံယုံကြည် နှလုံးသွင်းရန် ဖြစ်လေသည်။

( မှတ်ချက်။ ။ နောက်ပိုင်းအလေ့အကျင့်ရလာသောအခါတွင် " စိတ်ခံစားချက်-ဝေဒနာတွေဟူသမျှ ကို အဟုတ်ထင် အတည်ယူ ဆုပ်ကိုင်အောင် (စိတ်၏) အသက်သွင်း ပုံဖော် ဖန်တီးနေမှု ကိုယ်၌ကလည်း တကယ်တော့ ပျက်စီးချုပ်ပျောက်နေမှုသက်သက်ဖြစ်သဖြင့် အဟုတ်ထင် - အတည်ယူ ဆုပ်ကိုင်လို့မရသော သဘာဝတရားသက်သက်အဖြစ် နားလည် လက်ခံရပေမည်။


၎) မိမိနားလည်သော ဝေဒနာတွေ၊ စိတ်ခံစားချက်တွေ ကို အတည်ယူ ဆုပ်ကိုင်ကာ အဟုတ်ထင် အဓိကထား သတိထားနေမှု အစား.......
ဝေဒနာတွေ၊ စိတ်ခံစားချက်တွေ ဟူသမျှ တို့၏ အမှန်တရား ဖြစ်သော (((အတည်ယူ အဟုတ်ထင် ဆုပ်ကိုင်စရာမဟုတ် .....တွေ့ကြုံဖို့သက်သက်သာ အသုံးချရုံသက်သက် အသုံးချဖို့သာ ဖြစ်သည် ဟူသောအမှန်တရား))) ကို အဓိကထား သတိထား သတိရ မမေ့ခြင်းသည်ပင်လျှင် .......

- မှန်ကန်သော သတိ၊
- မှန်ကန်သော နှလုံးသွင်းမှု၊
- မှန်ကန်သော အားထုတ်မှု၊
- မှန်ကန်သော အမြင်သဘောထား၊ မှန်ကန်သောနားလည်မှု ဖြစ်ပေသည်။

တနည်းအားဖြင့် အတ္တ အယူ
(သက္ကာယဒိဌိ) ၊ အတ္တကို ရှေ့တန်းတင်မှု ကို စွန့်လွှတ်နိုင်သည့် အတတ်ပညာဖြစ်လေသည်။

၇) ပညာအစစ်ကို တတ်ကျွမ်းသည်ရှိသော်

ထိုအတတ်ပညာကို ကောင်းမွန်စွာ မှန်ကန်စွာ တတ်ကျွမ်းအောင် လေ့ကျင့်နိုင်သွားပါက မိမိ စိတ်ခံစားချက် အကောင်းအဆိုးတို့ အပေါ် အဓိကထား ဦးစားပေးနေမှု အတည်ယူ ဆုပ်ကိုင်နေမှု ငြိတွယ်နေမှု တို့ကို မှန်ကန်စွာ စွန့်လွှတ်သွားနိုင်ပေမည်။



ထိုကဲ့သို့ မှန်ကန်သော နားလည်မှုအစစ်၊ မှန်ကန်သောသဘောထားများ ဖြစ်ပေါ်လာလျှက် .....
စိတ်ခံစားချက် ဝေဒနာများအပေါ် ဦးစားမပေး၊ အဓိကမထားပဲ စွန့်လွှတ်နိုင်သည့် စွမ်းရည်သတ္တိကြောင့်ပင် ...........အများအကျိုး၊အတွက် ဦးစားပေးနိုင်၊ အချိန်ပေးနိုင်ကာ ....မိမိ-သူတပါးမခွဲခြားပဲ -
...ဘာသာ-လူမျိုးမရွေး၊ နေရာ-ဒေသအချိန်မရွေး၊ အခြေအနေမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အများအကျိုးကို ဆောင်ရွက်နိုင်သည် ဆိုသည်ကို အပြောမဟုတ် လက်တွေ့ ကျင့်သုံးသူများသာ သိနားလည်နိုင်ကြပေသည်။ .

စိတ်ဝင်စားသေးရင် နှိပ်လိုက်ပါ ခင်ဗျ >>------>

ကျွန်ုပ်တို့ တကယ်ချစ်နေတာ ဘာလဲ (အပိုင်း -၁)




၁) ဘာကြောင့် အကုသိုလ် ပြုမိတာလဲ

ရာထူး၊ အာဏာ၊ ငွေ ကို တန်ဖိုးထားစွဲလန်းနေသူများ၊ လောင်းကစား၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး များအပေါ် စွဲလန်းကာ ထိုအရာများ မသုံးရ၊ မစွဲရ လျှင် မနေနိုင်ေ အာင် ဖြစ်နေကြသူများ၊ မိမိ စွဲလန်းနေသော ထိုအရာများ ဆုံးရှုံးရမှာ မသုံးစွဲရမှာ စိုးရိမ်၍ ကြီးစွာသော သောကဖြင့် မလုပ်သင့် မလုပ်ထိုက် သော အကုသိုလ်များကို ပြုလုပ်ကြသူများ ကျွန်ုပ်တို့တွေ့ဖူးကြပါတယ်။

တကယ်တော့ ထိုသူများဟာ ရာထူး၊ အာဏာ၊ ငွေ၊ မူးယစ်ဆေးဝါး တို့ကို အမှန်တကယ်ချစ်မြတ်နိုးခြင်းမဟုတ်ပါ။ မိမိရဲ့ ခံစားချက်ဝေဒနာ Feeling / sensations များကို ချစ်မြတ်နိုးခြင်းသာ အမှန်ဖြစ်ပါသည်။ မိမိ၏အာရုံခံစားမှုများ၊ သာယာသည်ဟုထင်သော ခံစားစရာများ (သုခဝေဒနာ) များကို ဒီရာထူး၊ အာဏာ၊ ငွေတို့က လိုအပ်လျှင် လိုအပ်သလို ဖြည့်ဆည်းပေးနိုင် မည်ဟု ယုံကြည် နေသဖြင့် ထို ရာထူး၊ ငွေ တို့ကို လိုချင်မက်မောနေကြခြင်းဖြစ်ပါတယ်။ ငွေရှိမှ စားချင်တာ စား၊ ကြည့်ချင်တာကြည့်၊ ၀တ်ချင်တာဝတ်၊ လှူချင်တာလှူ လို့ရတယ်ထင်ပြီး၊ အာဏာ၊ ရာထူးရှိမှ သူတပါးအထင်ကြီးခံရ၊ လိုချင်သောအခွင့်အရေး များရ၊ လုပ်ချင်သော အရာများလုပ်လို့ရသည်ဟု ထင်ပြီး လိုချင် မက်မောကြခြင်း ဖြစ်ပါတယ်။

၂) စိတ်ခံစားမှု (ဝေဒနာ feeling/sensation/ emotion) တွေ ကို အဓိကထားနေလို့သာ

ဒါတွေက ဘာကို ဖော်ပြသလဲ ဆိုရင် မိမိအာရုံခံစားမှုများ (သို့) မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့တွင်ပေါ်မည့် စိတ်ခံစားချက်ဝေဒနာများ ၊ အာရုံ ခံစားမှုများအတွက် ရာထူး၊ အာဏာ၊ ငွေ ကို ချစ်နေရခြင်း ဖြစ်ပါတယ်။

စားချင်တာစားနိုင်ဖို့ဆိုတာ လျှာတွင်ပေါ်မည့် ခံစားချက်အတွက်ပါ။ တီဗွီ အကောင်းစား၊ ကက်ဆက်အကောင်းစားများ ၀ယ်လို၊ ကြည့်လို၊ နားထောင်လို ခြင်းမှာ မျက်စိ၊ နား တို့ဖြင့် ခံစားနိုင်မည့် အာရုံခံစားမှုများအတွက်ဖြစ်ပါတယ်။ ဇိမ်ခံကား ကောင်းကောင်းစီးလိုခြင်းမှာ ကိုယ်ကာယဖြင့် ညက်ညောသော အတွေ့ အထိခံစားမှုများ နှင့် သူတပါး၏အထင်ကြီးခံရဖို့ ဆိုသည့် စိတ်အာရုံခံစားမှုများ အတွက်ဖြစ်ပါတယ်။


ချစ်သူမျက်နှာ တစိမ့်စိမ့်ကြည့်လိုခြင်းမှာ ချစ်သူကို ချစ်မြတ်နိုး သည်ဆိုသော်လည်း အမှန်တကယ်က ချစ်သူမျက်နှာမြင်နေရချိန်မှာ ပျော်ရွှင်ကျေနပ်နေမိတဲ့ မိမိရဲ့စိတ်၊ ချစ်သူနှင့် အတူနေရချိန် ကြည်နူး သာယာမိနေတဲ့ မိမိရဲ့ခံစားချက် ကိုသာ ချစ်နေတာပါ။ ထိုကြည်နူး သာယာမိနေသော မိမိရဲ့ခံစားချက် ထပ်တလဲလဲ ဖြစ်ပေါ်နေရေး အတွက် ချစ်သူကို တစိမ့်စိမ့် ကြည့်နေလိုခြင်း ဖြစ်ပါတယ်။ ချစ်သူ နှင့် တွေ့ရချိန် ကြည်နူးသာယာသောခံစားချက် မရပါက ချစ်သူကို တစိမ့်စိမ့် ကြည့်လိုမည် မဟုတ်ပါ။ ချစ်သူနှင့်တွေ့နေရချိန် သာယာ ကြည်နူး မိနေသော မိမိရဲ့စိတ်၊ မိမိရဲ့ ခံစားချက်များကိုသာ တွယ်တာ နေခြင်း ချစ်နေခြင်းဖြစ်ပါသည်။

မိမိခံစားချက်ဝေဒနာ၊ မိမိ-အာရုံခံစားမှု အတွက်သာ ပြင်ပ အာရုံများကို ချစ်မြတ်နိုးခြင်း ဖြစ်ပါတယ်။ အကောင်းအဆိုး ခံစားချက် ဝေဒနာများ အတွက်သာ ရာထူး၊ အာဏာ၊ ငွေ၊ တီဗွီ၊ ကား ၊ ချစ်သူ စသည်တို့ကို နှစ်သက်မြတ်နိုး နေခြင်းဖြစ်ပါတယ်။

ဒါတကယ်ဟုတ်မဟုတ် မိမိနာမကျန်းဖြစ်သောအခါ (သို့မဟုတ်) အကြောင်း တစုံတရာကြောင့် အာရုံခံအင်္ဂါတစ်ခုခု ချွတ်ယွင်းသွားသောအခါ ထို ရာထူး၊ ငွေ၊ တီဗွီ ကား တို့ဟာ အလကား ဖြစ်သွားရပါတယ်။ အမြင်အာရုံ-မခံစားနိုင်သူအတွက် တီဗွီ၊ ရုပ်ရှင်၊ ပြဇာတ်၊ ကပွဲတို့ ဟာ နှစ်သက်စရာ မဟုတ် တော့ပါဘူး။ မိမိ အိပ်ရာပေါ်လဲချိန် ခံစားစရာအာရုံတို့အပေါ် မခံစားနိုင်ချိန် ထို-ရာထူး၊ အာဏာ၊ ငွေ၊ ဇိမ်ခံပစ္စည်းတို့ ဟာ မြတ်နိုးစရာမဟုတ်တော့ပါ။

၃) တိရစ္ဆာန်လေးတွေကို ချစ်တာလား မိမိ အမြင်အာရုံခံစားမှု perception ကိုချစ်တာလား

ကျွန်ုပ်တို့ အိမ်မွေးတိရစ္ဆာန်လေး၊ ကြက်တူရွေး၊ ရွှေငါးစသည်များကို တယုတယ ချစ်မြတ်နိုးစွာ မွေးမြူကြသူ များကို တွေ့ဖူးကြပါတယ်။ တကယ်တော့ သူတို့ဟာ ထို တိရစ္ဆာန်လေးများကို ချစ်မြတ်နိုးခြင်းမဟုတ်ပါ။ မိမိ ခံစားချက်များ (feeling/perception) ကို မိမိမြတ်နိုးနေခြင်းသာ ဖြစ်ပါတယ်။


ထို ကြက်တူရွေး၊ ငါးကလေး တို့ကို ကြည့်နေ-မြင်နေရချိန် ပျော်ရွှင်နေသည့် မိမိစိတ်ခံစားချက်များကိုသာ နှစ်သက် မြတ်နိုးမိနေ ကြခြင်း ဖြစ်ပါသည်။ ကြက်တူရွေးလေးရဲ့ လှပသောအရောင်အသွေး၊ ရွှေငါးကလေး တို့ ရေထဲကူးခတ်နေပုံ တို့ကို ကြည့်နေရ မြင်နေရသည်ကို ကျွန်ုပ်တို့ နှစ်သက်နေ သည်။

အမှန်က ထို တိရစ္ဆာန်လေးများကို ကြည့်နေရ မြင်နေရချိန်-ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်များကိုသာ ကျွန်ုပ်တို့ ချစ်မြတ်နိုးနေခြင်း ဖြစ်ပါတယ်။ တိရစ္ဆာန်လေး များကို ကျွန်ုပ်တို့ တကယ် မချစ်ပါ။

တကယ်ချစ်လျှင် လှောင်အိမ်၊ မှန်အိမ် အတွင်းမှာ တိရစ္ဆာန်လေးများကို ပိတ်လှောင်မထားဘဲ သူတို့ရဲ့သဘာဝနေရာ၊ သူတို့၏အဖော်များ ရှိရာ သို့ သွားရောက်ခွင့် လွတ်လပ်ခွင့် ရှင်သန်ခွင့်ပေးပေလိမ့်မည်။

ထို့အတူ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးစွဲ ကြသူများမှာ လည်း ထို အရာများ ကို မြတ်နိုးခြင်းမဟုတ်ပဲ ထိုအရာများ သုံးစွဲရသောအခါ ဖြစ်ပေါ်လာသည့် ယစ်မူးသောအရသာ ခံစားချက်များကိုသာ ((မိမိ ခံစားရသည်-ငါ ခံစားရသည် (သို့) ခံစားချက်ဝေဒနာများကို တစ်ခုတည်း တစ်ဆက်တည်းအဖြစ် အရှိအဟုတ်ထင်ကာ အတည်ယူလျှက်)) မြတ်နိုးမိခြင်း ဖြစ်ပါသည်။

တစ်လောကလုံး
မိမိ စိတ်ခံစားချက် (ဝေဒနာများ) အတွက်
လှုပ်ရှား ယှဉ်ပြိုင်နေကြပါတယ်။

ရာထူး၊ အာဏာ၊ ငွေ အတွက် တကယ်တော့ မဟုတ်ပါ။ ဘယ်လောက်တန် တီဗွီ၊ ဘယ်လောက်တန်ကား၊ ဘယ်လောက်တန်အိမ်၊ ဘယ် လောက်တန်အစားအစာ စသည်ဖြင့် တစ်ချိန်နှင့် တစ်ချိန်မတူအောင် ဆန်းသစ်နေသော ခေတ်မီနေတယ် ဆိုသော ဇိမ်ခံပစ္စည်း အမျိုးမျိုးကို ဈေးကွက်မှာ တွေ့ရှိ ထုတ်လုပ် ယှဉ်ပြိုင် ၀ယ်ယူ ရောင်းချ နေကြတာဟာ ဒီခံစားမှုဝေဒနာတွေ feeling/perception/sensations အတွက်ပါ။ အာရုံခံစားမှု တွေအတွက်ပါ။ တလောကလုံး ယောက် ယက်ခတ်နေတာ ဒီခံစားမှုဝေဒနာ အတွက်ပါ။

၎) မဆုံးနိုင် မမောနိုင်အောင် ဆုတောင်းနေရတာက

ဘ၀မှာ လောဘ ၊ ဒေါသ၊ သောက၊ မနာလိုမှု၊ ၀န်တိုမှု၊ စိတ်ဆင်းရဲမှု၊ ဂုဏ်တုဂုဏ်ပြိုင်မှု၊ မာနကြီးမှု၊ အားငယ်မှု၊ သိမ်ငယ်မှု၊ ပြေးလွှား နေရမှု၊ ဘုရားစုံလိုက်ပြီး မမောနိုင်-မဆုံးနိုင် ဆုတောင်းနေရမှု၊ နားချိန်မရ အရေးကြီးပြီးရင်း ကြီးနေကြတာဟာ ဒီခံစားမှုဝေဒနာ feeling တွေအတွက် ပါ။ သာယာသောအာရုံခံစားမှုများ ပြည့်ပြည့်စုံစုံ ခံစားနိုင် ရေး၊ မကောင်းသော-ဆိုးသော ခံစားချက်များ ပေါ်ပေါက် မလာရေးအတွက်ပါ။

ဒီခံစားချက် ဝေဒနာများ တို့အပေါ် ကျွန်ုပ်တို့ တန်ဖိုး ထားလွန်း နေသည်။ ခံစားချက်ဝေဒနာများအပေါ် ငါ့ခံစား ချက်၊ ငါ့ဝေဒနာ၊ ငါ့ဖီလင် ထင်ပြီး (သို့) စိတ်ခံစားချက်-ဝေဒနာ-ဖီလင် များအပေါ် တစ်ခုတည်း တစ်ဆက်တည်းအဖြစ် အရှိအဟုတ်ထင်ကာ အတည်ယူဆုပ်ကိုင် - အဓိကထားနေမှုကြောင့် (ဝေဒနာ ပစ္စယာ တဏှာ ဖြစ်ပြီး) ကျွန်ုပ်တို့ လောဘ-ဒေါသ (တဏှာ) တို့ ဆက်လက် ဖြစ်ပေါ် လာကာ အာရုံ အမျိုးမျိုးအပေါ် စွဲလန်းမိပြီး မဆုံးနိုင်အောင် ခံစားပြီးရင်း ခံစားချင်နေကြပါတယ်။

တကယ်တော့ ဒီဝေဒနာ-ခံစားမှု တို့ဟာ ဖြစ်လိုက်ပျက်လိုက် နှင့် တရစပ် ဖြစ်ပြီးပျက်၊ ခံစားလိုက်၊ ကုန်ဆုံးလိုက်နှင့် မပိုင်ဆိုင်သော သဘော၊ ထိန်းချုပ် မထားနိုင်သောသဘော၊ အဖတ်မတင်သောသဘော၊ ဘာမှသိမ်းထားလို့မရသော၊ ဆုပ်ကိုင်လို့မရသော၊ အတည်ယူ၍မရသော သဘော - သက်သက်သာ ဖြစ်လေသည်

ကျွန်ုပ်တို့ အရူးအမူး တန်ဖိုးထားနေသော စိတ်ခံစားချက်-ဝေဒနာများမှာ တကယ်တော့-ငါ့ဝေဒနာ၊ ငါ့ခံစားချက်အဖြစ် ဆုပ်ကိုင်ထား၍မရသော၊ အတည်ယူထား၍မရသောအမှန်တရား (သို့) တရစပ်ချုပ်ငြိမ်းကုန်ဆုံးနေသော - တရစပ်အသစ်အသစ် ပြောင်းလဲ အစားထိုးနေသော သဘာဝတရားသက်သက်သာ ဖြစ်လေသည်။

ဒါပေမယ့် ကျွန်ုပ်တို့ဟာ ထိုသို့မသိဘဲ ခံစားချက်များအပေါ် ငါ့ဝေဒနာ၊ ငါ့ခံစားချက် အဖြစ် အထင်မှားမှုကြောင့် (သို့) ဝေဒနာ-ခံစားချက်-ဖီလင်များသည် အချိန်တစ်ခုကြာ တစ်ခုတည်း တစ်ဆက်တည်းအဖြစ် တကယ်ရှိနေ ဖြစ်နေသည် ဟု ထင်မှတ်ကာ အတည်ယူဆုပ်ကိုင် - အဓိကထားနေမှုကြောင့် ကျွန်ုပ်တို့ မဆုံးနိုင်အောင် အ၀ိုင်းပြေး-ပြေးကာ၊ တစ်ချိန်လုံး-ယောက်ယက်ခတ်-တစ်ချိန်လုံး အရေးကြီးနေကြရပါတယ်။

၅) မိမိကိုယ် (စိတ်ခံစားချက်) ကိုသာ အချစ်ဆုံး

ရာထူး၊ အာဏာ၊ ငွေ၊ အကြင်နာ၊ မေတ္တာ၊ စေတနာ၊ ချစ်ခြင်းတရား၊ ဂုဏ်သက္ခာ၊ ဘ၀ စသည်ဖြင့် လည်းကောင်း၊ သားသမီး၊ ချစ်သူ၊ ဇနီး၊ ခင်ပွန်း၊ သူငယ်ချင်း၊ ဆရာ၊ တပည့်၊ အိမ်မွေးတိရစ္ဆာန် စသည်တို့ကို လည်းကောင်း၊ ကျွန်ုပ်တို့ ချစ်မြတ်နိုးသည်-တန်ဖိုးထားသည် ဆိုသော်လည်း အမှန်တကယ် တန်ဖိုးထားလွန်း ချစ်လွန်းနေသည် မှာ (မိမိ) စိတ်ခံစားချက် ဝေဒနာ များသာ ဖြစ်ပါသည်။ ဒါကြောင့် ဗုဒ္ဓကလည်း မိမိကိုယ်ကိုသာ မိမိအချစ်ဆုံး၊ (မိမိ စိတ်ခံစားချက်ကိုသာ အချစ်ဆုံး) ဖြစ်ကြတယ်လို့ ဆိုထားပါသည်။


၆) အဟုတ်ထင် အတည်ယူ ဆုပ်ကိုင်မှု ကြောင့်သာ

ခံစားချက်ဝေဒနာများအပေါ် ငြိတွယ်လွန်းနေခြင်း၊ တန်ဖိုးထားမြတ်နိုးနေလွန်းခြင်း၊ အဓိကထားလွန်းနေခြင်း၊ (သို့) မိမိကိုယ် ကိုသာ အဓိကဦးစားအပေးဆုံးဖြစ်နေရခြင်းမှာ စိတ်ခံစားချက်များအပေါ် ငါ့ခံစားချက်၊ ငါ့ဝေဒနာ အဖြစ် အချိန်တစ်ခုကြာ တစ်ခုတည်း တစ်ဆက်တည်းအဖြစ် တကယ်ဖြစ်နေ ရှိနေသည်ဟု ထင်မှတ်လျှက် အတည်ယူဆုပ်ကိုင်မှုကြောင့် သာ ဖြစ် ရ ခြင်း ဖြစ်လေသည်။

အတည်ယူ ဆုပ်ကိုင်မှုကြောင့် အဟုတ်ထင် ငြိတွယ်လာကာ
ဒီအချိန်မှာလည်း ဒီခံစား ချက်-နောက်အချိန်မှာလည်း ဒီခံစားချက်ပဲလို့ အထင်မှားပါသည်။




ဒီစက္ကန့်မှာလည်း ဒီဝေဒနာ-နောက်စက္ကန့်မှာလည်း ဒီဝေဒနာပဲ၊ လို့ အထင်မှားပြီး၊ ခံစားချက်များကို တောက်လျှောက် တဆက်တည်း ရှိနေတယ် ထင်မှတ်ကာ၊ ငါ့ခံစားချက်-ငါ့ဖီလင်-ငါ့ဝေဒနာ-ငါ့စိတ်ထား အဖြစ် မှားယွင်း-သတ်မှတ်မိကာ စိတ်ခံစားချက်များကို အတည်ယူ ဆုပ်ကိုင်ကာ အဓိကထားလွန်း ဦးစားပေးလွန်းရာမှ မိမိကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေသော ကာယကံမှု - ၀စီကံမှု များကို ပြုလုပ်မိကြလေသည်။

စိတ်ဝင်စားသေးရင် နှိပ်လိုက်ပါ ခင်ဗျ >>------>

အနတ္တအဆုံးအမများ (၁-၂၀၁၁) ebook


သန်လျင်သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ

(ဆူနာမီဆရာတော်) လမ်းညွှန်သင်ပြပေးသော လောကီ၊
လောကုတ္တရာ ကောင်းကျိုးအတွက် တိုက်ရိုက်ကျေးဇူးပြုမည့်
မှန်ကန်တဲ့နားလည်မှု ကို ဖြစ်စေသော အနတ္တအဆုံးအမများ (၁-၂၀၁၁) ကို
ebook အဖြစ် ဖန်တီးလျှက် ဓမ္မဒါန တင်ပြအပ်ပါသည်။

အနတ္တအဆုံးအမများ သည် လောကီ ဘ၀အမော၊ အခက်အခဲ ပြဿနာများ ဖြေရှင်းနိုင်ရေး
အတွက်ရော.....မဂ်ဥာဏ်-ဖိုလ်ဥာဏ်ကို ကျေးဇူးပြုမည့် တရားနှလုံးသွင်းမှုအတွက်ပါ
အသုံးချရုံအသုံးချရမည့် (မှန်ကန်တဲ့နားလည်မှု ဖြစ်ပေါ်ရေး) လမ်းညွှန်အဆုံးအမများဖြစ်သဖြင့်
တကယ်လက်တွေ့ နားလည်-နှလုံးသွင်းတတ်စေရန် အဖန်ဖန် နှလုံးသွင်း လေ့ကျင့်ဖို့ လိုအပ်ကြောင်း
လေးစားစွာ အကြုံပြုအပ်ပါသည်။

ဒေါင်းလုပ်ပြုရန်လင့် http://www.mediafire.com/?7m0okherbjlbtqa

စိတ်ဝင်စားသေးရင် နှိပ်လိုက်ပါ ခင်ဗျ >>------>

(၁၄-၁၁ သစ္စာတရားစီးရီး) ထားဝယ်မြို့ ဓမ္မာစကြာကျောင်းတိုက် (၅) ရက် တရားစခန်း

၁) ပူမှု-အေးမှု၊ နာမှု-မနာမှု၊ ချမ်းသာမှု-ဆင်းရဲမှု၊ စိတ်ပျံလွင့်မှု၊ စိတ်မပျံလွင့်မှု စသည့် ပြောင်းလဲနေသော "သတ်မှတ်ချက်တွေကို အဓိကထား သတိထားနေမှု" နှင့်
သတ်မှတ်ချက်တွေ၏အမှန်တရား (((အတည်ယူ-ဆုပ်ကိုင်ရမှာမဟုတ်ခြင်း အမှန်တရား))) ကို မမေ့မှု သတိထားနေမှု တို့ ၏ ကွာခြားသော အကျိုးရလာဒ်။

၂) ဖြစ်ပျက်သမျှ ကို အတည်ယူ အဟုတ်ထင်လျှက် ဖြစ်ပြန်ပြီ - ပျက်ပြန်ပြီ ဟု ထင်မြင်ကာ "ဖြစ်ပျက်သမျှအပေါ် အဟုတ်ထင် သတိထားနေမှု" နှင့်
ပညတ် ဖြစ်- ပညတ်ပျက်များကို .... အတည်ယူ - ဆုပ်ကိုင် - အဟုတ်ထင် - အဓိကထားနေ အောင် အသက်သွင်း ပုံဖော် ဖန်တီးပြုလုပ်နေမှု (အ၀ိဇ္ဇာ - သင်္ခါရ) ပဲ တကယ် ဖြစ်နေသည်ဟု ယုံကြည်လျှက်
ပညတ် ဖြစ်- ပညတ်ပျက်များကို အသက်သွင်း ပုံဖော် ဖန်တီးပြုလုပ်နေမှု (အ၀ိဇ္ဇာ - သင်္ခါရ) ကို စွန့်လွှတ်နေမှု တို့ ၏ ကွာခြားသော အကျိုးရလာဒ်။

၃) တွေးစိတ်၊ တောစိတ်၊ သောကစိတ်၊ "လောဘစိတ်၊ ဒေါသစိတ်တွကို အဟုတ်ထင်ကာ သတိထားနေမှု" နှင့်
- "တစ်ချိန် မှာ တစ်စိတ်သာ ဖြစ်ခွင့် ရှိသော အမှန်တရား" ကို ယုံကြည်လက်ခံလျှက် (တနည်းအားဖြင့်)
- သတိထားသောစိတ်ဖြစ်ပါက "နောက်မှရှုသောအရှုဥာဏ်စိတ်" ဖြစ်ပေါ်ပါက "ရှေ့စိတ် (အရှုခံစိတ်များ)" မှာ မရှိတော့ ဟူသော အမှန်တရားကို ယုံကြည် နားလည်လျှက် (တနည်းအားဖြင့်)
- "အရှုခံ-ရှေ့စိတ်" မရှိတော့မှသာ "နောက်စိတ်-အရှုဥာဏ်" က ဖြစ်ခွင့်ရှိသောအမှန်တရားကို နားလည်လျှက် ........

ကိုယ် သတိထားမိနေသော တွေးစိတ်၊ တောစိတ်၊ သောကစိတ်၊ လောဘစိတ်၊ ဒေါသစိတ်များဟူသည် ......အမှန်တကယ်တော့ -


ရှေ့စိတ်များ၏ မရှိတော့သော ချုပ်ပျောက်ပြီးသွားမှု အရှိန်များကို ယူလျှက် (အကြောင်းပြုလျှက် .....)
အသက်သွင်း ပုံဖော် ဖန်တီးထားမှုသက်သက်သာဖြစ်ကြောင်း နားလည် လက်ခံ နှလုံးသွင်းမှု တို့ ၏ ကွာခြားသော အကျိုးရလာဒ်။

၎) ကိုယ်နားလည်သော ဝေဒနာတွေ၊ စိတ်တွေ၊ ရောဂါတွေ၊ ရုပ်တွေ ကို အတည်ယူ အဟုတ်ထင် အဓိကထား သတိထား ရှုမှတ်နေမှု နှင့်
ကိုယ်နားလည်သော ဝေဒနာတွေ၊ စိတ်တွေ ဟူသည် (((အတည်ယူ အဟုတ်ထင် ဆုပ်ကိုင်စရာမဟုတ် .....တွေ့ကြုံဖို့သက်သက်သာ ဖြစ်သည် ဟူသောအမှန်တရား))) ကို အဓိကထား သတိထားလျှက်
ဝေဒနာစွဲ၊ စိတ်စွဲ၊ ရောဂါစွဲ၊ ရုပ်စွဲ တွေကို စွန့်လွှတ်နေမှု တို့၏ ကွာခြားသော အကျိုးရလာဒ်ကို သိရှိလိုပါက.............


သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ နှင့် ဆရာမလေး မချစ်မြတ်နိုးတို့ ၂၀၁၁ ဇွန်လအတွင်း ထားဝယ်မြို့ ဓမ္မာစကြာကျောင်းတိုက် (၅) ရက် တရားပတ် တရားစခန်းတွင်
ဟောကြားသော သစ္စာတရားတော်များ တိုက်ရိုက်နားဆင် - ဒေါင်းလုပ်ကူးယူနိုင်ပါပြီ ။




ဒေါင်းလုပ် ပြုရန်
ဒီကိုနှိပ်ပါ DOWNLOAD

စိတ်ဝင်စားသေးရင် နှိပ်လိုက်ပါ ခင်ဗျ >>------>

(11-2011) သစ္စာတရားစီးရီး (၂၀၁၁ မေလ မန္တလေး-ပြင်ဦးလွင် ခရီးစဉ်)

ဆရာတော်ဦးဥတ္တမသာရ ၂၀၁၁ မေလ မန္တလေး-ပြင်ဦးလွင် ခရီးစဉ်တွင်ဟောကြားသောတရားတော်များ တိုက်ရိုက်နားဆင် ဒေါင်းလုပ် ရယူ နိုင်ပါပြီ။

- တရားအားထုတ်ရာတွင် (သို့) ဘ၀တွင် အဓိကအရေးကြီးဆုံးက...................

- သတ်မှတ်ထားတဲ့အမှန်တရား နဲ့ ...မဖောက်မပြန် မပြောင်းမလဲ အမြဲမှန်ကန်နေတဲ့ အမှန်တရားဆိုတာ......

- ချမ်းသာအစစ် ကို တိုက်ရိုက် ကျေးဇူးပြုသည့် မှန်ကန်တဲ့နားလည်မှုဆိုတာ..........

- တရားလမ်းခရီး (သို့) ဘ၀ခရီးတွင် ဘာတွေများ တကယ်ရလို့ ဘာတွေများ တကယ်ဆုံးရှုံးစရာ ရှိနေပါသလဲ .....

- တရားလမ်းခရီး (သို့) ဘ၀ခရီးတွင် ဟိုလိုလုပ်မှ မှန်သည် ၊ ဒီလိုလုပ်မှ မှန်သည်ဟု ဘာကြောင့် ၀ိရောဓိ ဖြစ်ရပါသလဲ....

- ဘာကြောင့် ခုထက်ထိ တရားမရသေးတာလဲ (သို့) တရားနားလည်သည်ဆိုသော်လည်း အဘယ့်ကြောင့် ဆန့်ကျင်ဘက်အတွေ့အကြုံတွေအပေါ် မကျေနပ်မှု-ပူလောင်မှုတို့ ရှိနေရပါသလဲ....

- ဘုရားဟော ပရိယတ် ပါဠိစာသားများးကို ဘုရားရှင်ရဲ့ ဆိုလိုရင်းအတိုင်း မှန်မှန်ကန်ကန် တကယ်နားလည်ဖို့ ဆိုတာ ............. .............

- ပြဿနာ-စိတ်ဆင်းရဲစရာများဖြစ်စေသော အဓိကတရားခံအစစ်က..............?????

.....သိရှိလိုပါက...


.

ဒေါင်းလုပ် ရန် ဒီကိုနှိပ်ပါ DOWNLOAD .

စိတ်ဝင်စားသေးရင် နှိပ်လိုက်ပါ ခင်ဗျ >>------>

မှန်ကန်သောနားလည်မှု မှသည် ချမ်းသာအစစ်ဆီသို့

011 မလေး-စင်ကာပူခရီးစဉ်တွင်း ဆူနာမီဆရာတော်ဟောကြားခဲ့သော တရားတော်များကို အနှစ်ချုပ်အဖြစ် ဥာဏ်မီသလောက် အတိုချုံးဖော်ပြအပ်ပါသည်။
ဆရာတော်သည် မိမိနားလည်နေသော အချိန်တစ်ခုကြာ ရှိနေ-ဖြစ်နေသော ပညတ် ရုပ်၊ ဝေဒနာ၊ စိတ် တို့၏ ဖြစ်ပြီး ပျက်ခြင်း ကို လိုက်ရှုခိုင်းခြင်းမျိုးမဟုတ်ဘဲ သစ္စာတရား(ဓမ္မ)သက်သက်ပဲဖြစ်နေခြင်း ကို တိုက်ရိုက်နှလုံးသွင်းလက်ခံခြင်းဖြင့် ပညတ် ရုပ်၊ ဝေဒနာ၊ စိတ် တို့၏ ဖြစ်ခြင်း -ပျက်ခြင်း နှင့်ပတ်သက်၍ ဖြစ်ပေါ်နေရသော နှစ်သက်မှု-လောဘ၊ မနှစ်သက်မှု-ဒေါသ၊ ငြိတွယ်မှု (ဥပါဒါန်)တို့ ကို မှန်ကန်စွာ စွန့်လွှတ်တတ်လာစေရန် (ဓမ္မာနုပဿနာ) နည်းပေးခြင်း ဖြစ်လေသည်။.

မှန်ကန်သောနားလည်မှု မှသည် ချမ်းသာအစစ်ဆီသို့
(သန်လျင်သဘာဝရိပ်သာ ဆူနာမီဆရာတော် ဦးဥတ္တမသာရ ဟောကြားသော တရားအနှစ်ချုပ်)
၂၀၁၁ မတ်လ နိုင်ငံခြားခရီးစဉ်
--------------------------------------------------
သ မု တိ သ စ္စာ- ပ ညတ် တ ရား

(အ၀ိဇ္ဇာစိတ်မှ ဖန်တီးပြုလုပ်ထားသောမှုကြောင့်သာ တကယ်ဖြစ်နေ-ရှိနေ-မှန်နေသည်ဟု ထင်ရသောတရား)

၁) အများသဘောတူ ခေါ်ဝေါ်သတ်မှတ်ထား၍သာ မှန်ကန်နေသောတရား။
(ဥပမာ။ မောင်လှ၊ ရန်ကုန်၊ တစ်နာရီ၊ ခွေး၊ လူ၊ ဇရပ်၊ အိမ်၊ ကျောင်း)

၂) ဆန့်ကျင်ဘက်စွမ်းအင်များအဖြစ်
ထင်ရ။ (သို့) နှိုင်းယှဉ်သတ်မှတ်မှုများကြောင့်သာ တကယ်ဖြစ်နေသည်ဟု ထင်ရ။
(ဥပမာ။ ပူမှု-အေးမှု၊ တင်းမှု-လျော့မှု၊ နှစ်သက်မှု-မနှစ်သက်မှု၊ ချမ်းသာမှု-ဆင်းရဲမှု၊ အဖိုဓါတ်-အမဓါတ်၊ အတွေးအခေါ်များ၊ ယူဆချက်များ၊ သတ်မှတ်ချက်များ၊ အကောင်း-အဆိုးခံစားချက်များ)

၃) တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊ တစ်နေရာရာ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ တိရစ္ဆာန်၊ တစ်ကောင်စီ။ လူ၊ တစ်ဦးစီ။

၎) မိမိနားလည်နေသော ကိုယ်၊ နှုတ်၊ စိတ်၊ (ကာယ၊ ၀စီ၊ မနော) ကာယကံ၊ ၀စီကံ၊ မနောကံ။

၅) မူလအမှန်တရား (ပရမတ်တရား) နှင့် နှိုင်းယှဉ်ပါက ပညတ်တရားသည် အမှန်မဟုတ်တော့။ တကယ်မဟုတ်တော့။

၆) ပညတ်အချင်းချင်း နှိုင်းယှဉ်ကြည့်မှသာ မုသားမဖြစ်ရုံ သီလအကျိုးငှာ မှန်ကန်ပြီးအချိန်၊ ကာလ၊ နေရာ၊ ဒေသ၊ ကို
လိုက်၍ ပြောင်းလဲသွားသည်။ တသမတ်တည်းဖြစ်မနေ၊ တသမတ်တည်းရှိမနေ။

၇) တကယ်မဟုတ်သော်လည်း ... အနိစ္စအစစ်ကို နားမလည်ခြင်းမှာ (အနိစ္စတရား-အ၀ိဇ္ဇာတရား၏)
လှည့်စား၊ ဖန်တီး၊ ပြုလုပ်မှုကြောင့် တကယ်ဟုတ်နေသည်ဟု ထင်ရ။

၈) သုံးရုံသက်သက်၊ တွေ့ကြုံရုံသက်သက်၊ နားလည်ရုံသက်သက်သာဖြစ်။ ဒီ့ထက် မပို။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပ ရ မ တ္ထ သ စ္စာ - ပ ရ မတ် တ ရား


(တစ်ခုခု၊ တစ်ယောက်ယောက် မပါဝင်ဘဲ မူလကတည်း ဖြစ်နေ-ရှိနေ-မှန်ကန်နေသောတရား)


၁) ပရမတ္ထသစ္စာ သည် မူကကတည်းက ဖြစ်နေ-ရှိနေသောတရားဖြစ်သည်။
၂) အချိန်၊ ကာလ၊ နေရာ၊ ဒေသ၊ ကို လိုက်၍ မပြောင်းလဲ။ တသမတ်တည်းဖြစ်နေသည်။
၃) အချိန်၊ ကာလ၊ နေရာ ဒေသ မှ လွန်မြောက်နေသည်။ တသမတ်တည်းဖြစ်နေသည်။
ပုံမှန် ဖြစ်နေ-ရှိနေ-မှန်နေသည်။



မပြောင်းမလဲ တသမတ်တည်းမှန်ကန်နေသော ပရမတ္ထသစ္စာ (၂)မျိုးရှိသည်။

၁) တသမတ်တည်းဖြစ်နေသော ဖောက်ပြန်ပျက်စီးမှု (ဒုက္ခသစ္စာ - သင်္ခါရတရား) (တစ်ခုခု၊တစ်ဦးဦး ၏ ပျက်စီးမှုမဟုတ်)
၂) တသမတ်တည်းရှိနေသော တည်မြဲမှု၊ ချမ်းသာမှုအစစ်၊ (နိရောဓသစ္စာ - အသင်္ခတတရား )

- နံပါတ်(၁)တွင်ဖော်ပြထားသော- တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု (ဒုက္ခသစ္စာ) တွင်
ပြောင်းလဲ-ပျက်စီးခြင်းမရှိဘဲ တသမတ်တည်းဖြစ်နေသော စွမ်းရည်သတ္တိ (၂)မျိုးရှိလေသည်။

ထို စွမ်းရည်သတ္တိနှစ်မျိုးမှာ -
(က)
သမုတိသစ္စာ(ပညတ်တရား) များကို အချိန်တစ်ခုကြာ တစ်ကယ်ရှိနေ၊ ဖြစ်နေ၊ တကယ်ဟုတ်နေသယောင် အထင်မှားနေစေရန်
တသမတ်တည်း ဖန်တီးပြုလုပ်နေမှု။

( သို့ ) မပြောင်းမလဲ တသမတ်တည်းဖြစ်နေသော ဖန်တီးပြုလုပ်မှုအစစ်၊ လိမ်လည်မှုအစစ်၊ ပြုလုပ်မှုအစစ်။ အလုပ်အစစ်။
(သမုဒယသစ္စာ)


(ခ)
နောက်စွမ်းရည်တစ်မျိုးမှာ - ပညတ်တရား-ပရမတ်တရားများကို မှန်မှန်ကန်ကန် သိနားလည်နေမှု။ မပြောင်းမလဲ တသမတ်တည်း သိနားလည်နေမှု ။ သိမှုသက်သက်-သိမှုအစစ်။ (မဂ္ဂသစ္စာ)


×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

တ ကယ့် တ ရား အ လုပ် အ စ စ် -
မ ဂ္ဂင် အ လုပ်


- မဂ္ဂင်တရားအလုပ်အစစ်သည် တစ်ခုခုပြုလုပ်နေခြင်းမဟုတ်- ဘာမှမလုပ်ပဲနေခြင်းလည်း မဟုတ်။
မှန်ကန်သော အာရုံစူးစိုက်ထားနိုင်မှု (သမ္မာသမာဓိ) မှန်ကန်သော လုံ့လစိုက်မှု၊ (သမ္မာဝါယာမ)များဖြင့်
မှန်မှန်ကန်ကန် နားလည်နေမှု(သမ္မါဒိဋ္ဌိ)၊ မှန်မှန်ကန်ကန် နှလုံးသွင်းမှု(သမ္မာသင်္ကပ္ပ)၊ မှန်ကန်သော အမှတ်ရမှု-မမေ့မှု ၊ (သမ္မာသတိ) ဖြစ်သည်။

- မှန်ကန်သော နားလည်မှု၊ နှလုံးသွင်းမှု၊ မမေ့မှု၊ သတိရမှု သည် -

- တစ်ခုခု၊ တစ်ယောက်ယောက် အပေါ် မဟုတ်ပဲ ၊ ကိုယ်နားလည်နေကျ ကိုယ်တွေ၊ စိတ်တွေ၊ အတွေးတွေ၊ ခံစားချက်တွေ၊ နာမှု၊ ကျင်မှု၊ ပိန်မှု၊ ဖောင်းမှု၊ အသက်ရှုမှုတွေ မဟုတ်ပဲ -
(တနည်းအားဖြင့်) သမုတိသစ္စာ-ပညတ်တရားများ အပေါ်တွင် ထားရမှာ မဟုတ်ပဲ။

မှန်ကန်သော နားလည်မှု၊ နှလုံးသွင်းမှု၊ မမေ့မှု၊ သတိရမှု သည် -
အထက်တွင်ဖော်ပြထားသော- ပရမတ္ထသစ္စာ နှစ်မျိုးမှ ...
ပထမ အမှန်တရား . . . တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု (သို့) ဒုက္ခသစ္စာ၏ ပထမစွမ်းရည်သတ္တိ ကို ဖြစ်စေ-
ဒုတိယစွမ်းရည်သတ္တိ ကိုဖြစ်စေ မမေ့ရန် - နှလုံးသွင်းရန် - ယုံကြည်ရန် ဖြစ်လေသည်။


တနည်းအားဖြင့် -
- သမုတိသစ္စာ(ပညတ်တရား) များကို အချိန်တစ်ခုကြာ တစ်ကယ်ရှိနေ၊ ဖြစ်နေ၊ တကယ်ဟုတ်နေသယောင် အထင်မှားစေရန် ဖန်တီးပြုလုပ်နေသော တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု (ဒုက္ခသစ္စာ) ၏ ပထမစွမ်းရည်သတ္တိ ကို မမေ့ရန် ၊ ယုံကြည်၊ လက်ခံ ၊ နှလုံးသွင်းနေရန် ဖြစ်လေသည်။

ထိုကဲ့သို့ - (ပရမတ္ထသစ္စာ-ဒုက္ခသစ္စာ) တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု အမှန်တရား၏ စွမ်းရည်သတ္တိကို မမေ့ခြင်းအားဖြင့်- ယုံကြည်လက်ခံနိုင်ရန် ကြိုးစားနေခြင်းအားဖြင့် - (သမုတိသစ္စာ)ပညတ်တရားများကို အဟုတ်ထင်နေမှု၊ အတည်ယူနေမှု၊ (အ၀ိဇ္ဇာ) ကို စွန့်လွှတ်ရန် ကြိုးစားခြင်းဖြစ်သည်။

ထိုကဲ့သို့ - အမှန်တရား၏စွမ်းရည်သတ္တိကို မမေ့ခြင်းအားဖြင့် ယုံကြည်လက်ခံ နှလုံးသွင်းနိုင်ရန် ကြိုးစား နေခြင်းအားဖြင့် - ပညတ်တရားများကို (ကာယ၊ ၀စီ၊ မနောများကို) ငြိတွယ်မှု-အဟုတ်ထင်မှု မဖြစ်ပေါ်ပဲ သုံးရုံသက်သက်၊ တွေ့ကြုံရုံသက်သက်၊ နားလည်ရုံသက်သက် သာဖြစ်လာရန် ကြိုးစားခြင်းဖြစ်သည်။
မြင်-မြင်ရုံ၊ ကြား-ကြားရုံ၊ သုံး-သုံးရုံသက်သက်ဖြစ်ကာ ငြိတွယ်မှုကင်းလာခြင်း (ဥာဏ် ဖြစ်လာခြင်း)သည်သာ တကယ့်တရားအလုပ်အစစ်-၀ိပဿနာ ဖြစ်လေသည်။
မြတ်ဗုဒ္ဓ၏ လိုရင်း အစစ် ဖြစ်လေသည်။


ကာယ-၀စီ-မနောများ နှင့် ပတ်သက်၍ လုပ်နေနိုင်သောစွမ်းရည်သတ္တိကို ဖြစ်စေ၊ မလုပ်ဘဲနေနိုင်သော စွမ်းရည်သတ္တိကို ဖြစ်စေ၊ အတည်မယူပဲနေနိုင်သည့် (စွန့်လွှတ်နိုင်သည့်) စွမ်းရည်သတ္တိဖြင့် ပရမတ္ထသစ္စာအမှန်တရား . . . တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု (ဒုက္ခသစ္စာ သင်္ခါရတရား)၏ စွမ်းရည်သတ္တိများကိုသာ မမေ့ရန်- နှလုံးသွင်းရန် - လက်ခံယုံကြည်ရန် ကြိုးစားနေခြင်း သည် တကယ့်တရားအလုပ်အစစ်-၀ိပဿနာ ဖြစ်လေသည်။


ဆူနာမီဆရာတော် ဦးဥတ္တမသာရ သစ္စာတရားဟောပြောချက်များမှ ကောက်နုတ်ဖော်ပြပါသည်။

မှတ်ချက် ။ တရားအလုပ်အစစ်သည် မိမိပြုလုပ်နေကျ ကာယ-၀စီ အလုပ်များကို ပယ်ခြင်း ၊ တွယ်ခြင်း ၊ ဝေဖန်နေခြင်း မဟုတ်ဘဲ တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု (ဒုက္ခသစ္စာ) အမှန်တရား၏ စွမ်းရည်သတ္တိများကို မမေ့မှု၊ သတိရမှု-အောက်မေ့မှု ဖြင့် ကာယ-၀စီ-မနော တို့ကို သုံးရုံသက်သက်၊ တွေ့ကြုံရုံသက်သက်၊ နားလည်ရုံသက်သက်သာဖြစ်လာစေခြင်းသာ။


2011 နိုင်ငံခြားခရီးစဉ်အတွင်း ဆရာတော်ဟောကြားသောတရားအနှစ်ချုပ် ကို pdf ဖိုင်အဖြစ် ပရင့်ထုတ်ယူလိုပါက-
http://www.mediafire.com/?guj2oyad0md88z8

မေတ္တာဖြင့်
စိုးဝင်းထွဋ်

ပိုမိုနားလည်လိုပါက- မလေး-စင်ကာပူခရီးစဉ် တွင်ဟောကြားသော တရားတော်များ (အသံဖိုင်များ)ဒေါင်းလုပ်ရန်
http://www.mediafire.com/?vaownvljgy32p
.

စိတ်ဝင်စားသေးရင် နှိပ်လိုက်ပါ ခင်ဗျ >>------>

မိရိုးဖလာတရားအားထုတ်ပုံ နှင့် မဂ္ဂင်လမ်း နှိုင်းယှဉ်ချက်ပြဇယား အပိုင်း(၁)

ဓမ္မမိတ်ဆွေများ ခင်ဗျား
ဆူနာမီဆရာတော် ဦးဥတ္တမသာရ နှင့် ဆရာမ မချစ်မြတ်နိုးတို့ ဟောကြားသောသစ္စာတရား နှလုံးသွင်းပုံ နှင့်
ယနေ့ တရားအားထုတ်သူများတရားရှုမှတ်ပုံ နှိုင်းယှဉ်ချက် ကို ကျွန်တော်ဥာဏ်မီသလောက် တင်ပြအပ်ပါသည်။

ယနေ့ ယောဂီများ၏ မိရိုးဖလာတရားအားထုတ်ပုံ နှင့် မဂ္ဂင်လမ်း နှိုင်းယှဉ်ချက်ပြဇယား အပိုင်း(၁) အဖြစ် အမည်ပေးထားပါသည်။


အောက်ပါ ပုံ နှစ်ပုံ (နှစ်မျက်နှာ) ကို ကလစ်နှိပ်၍ဖြစ်စေ၊ http://www.mediafire.com/?ajqxdc9athvfj14 တွင် pdf ဖိုင်ကို ဒေါင်းလုပ်၍ ဖြစ်စေ၊ ဖတ်ရှု နိုင်ပါပြီ။





အပိုင်း(၂) ကို ဆက်လက်ဖော်ပြပါမည်။

ပုံကြီးပေါ်လိုပါက ပုံပေါ်တွင် ကလစ်နှိပ်ပါ.

စိတ်ဝင်စားသေးရင် နှိပ်လိုက်ပါ ခင်ဗျ >>------>

Sayadaw Ottamasara will teach insight meditation_right understanding in Spore for 10 days


Sayadaw Ottamasara will teach insight meditation_right understanding in Spore for 10 days

Date :9.2.2011 to 28.2.2011

Place : BLK 689 Jurong West Central
1,#10-213 S'Pore 640689 ,65-96833827 , (mawbathan@gmail.com )

Time : anytime you are convenient:

Subject : right understanding leading to real enlightenment_ultimate freedom

စိတ်ဝင်စားသေးရင် နှိပ်လိုက်ပါ ခင်ဗျ >>------>

ပုဂ္ဂိုလ် သတ္တ၀ါ သူ ငါ မဟုတ် ။ အကြင်အကျိုးတရား တို့သည် အကြင်အကြောင်းတရားတို့ကြောင့် သာလျှင် ဖြစ်တော့သည် ။

ကိုယ့်စိတ် ကိုယ်စစ်


ကိုယ့်ကံကြမ္မာကို ကိုယ်သာဖန်တီးနေတာပါ။
မိမိပြုသော၊ မိမိ၌ဖြစ်သော၊မိမိကြောင့်ဖြစ်သော မကောင်းမှုသည် ထိုသူမိုက်ကိုပင် ဖျက်စီး၏၊ ။ မကောင်းမှုကို မိမိပြုလျှင် မိမိပင် ညစ်ညူး၏၊ ။ ကောင်းမှုကို မိမိပြုလျှင် မိမိပင် စင်ကြယ်၏။ စင်ကြယ်ခြင်း၊ ညစ်ညူးခြင်းကို မိမိပင် ပြုလုပ်၏။

မကောင်းမှုပြုသူသည် မကောင်းကျိုး မပေး သေးသရွေ့သာ ကောင်းကျိုး ချမ်းသာကို တွေ့မြင်ရ၏။
ကောင်းမှုပြုသူလည်း ကောင်းကျိုး မပေး သေးသရွေ့သာ မကောင်းသောဆင်းရဲ ကို တွေ့မြင်ရ၏။

သူတပါးတို့၏အပြစ်ကိုအစဉ်ရှု၍၊ ကဲ့ရဲ့ခြင်းကြောင့် အာသဝေါတရားတို့သာ တိုးပွားကုန်၏၊

အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင် နိုင်လေ၏၊ မကောင်းသောသူကို သူတော်ကောင်း တရားဖြင့် ဆက်ဆံကာ အောင်နိုင်လေ၏၊ ၀န်တိုသောသူ ကိုပေးကမ်းခြင်းဖြင့် အောင် နိုင်လေ၏၊ မဟုတ်မမှန် ပြောဆိုသူကို မှန်ကန်သော စကားဖြင့် အောင်နိုင်လေ၏။

ဆက်ဖတ်ရန် ....>>

ဝိပဿနာ အကျိုး


တရားပညာ မရှိ၊ သမာဓိ မရှိဘဲ အနှစ်တရာပတ်လုံး အသက်ရှည်နေရခြင်းထက် တရားပညာရှိ၍ သမထ ၀ိပဿနာကို ရှုသောပုဂ္ဂိုလ်၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

အလှူ့တကာ အလှူတွင် တရားအလှူသည် အမြတ်ဆုံး ဖြစ်သည် ။
ဝိပဿနာဖြင့် ပူဇော်ခြင်းသည် ဘုရားအနှစ်သက်ဆုံး ပူဇော်ခြင်း ဖြစ်၍ ဘုရားသာဓုခေါ်သော ပူဇော်ခြင်းလည်း ဖြစ်ပေသည် ။

ဝိပဿနာစိတ် ဖြစ်နေသော သူသည် အဟုတ် အရှိ တကယ် ထင်နေသော သမုဒယ ကို သမုဒယမှန်း သိကာ တကယ်မရှိမှန်း သိနေသောကြောင့် ၄င်းအရာတို့အပေါ် ကပ်ညှိသည့် လောဘ ဒေါသ မောဟ မာန်မာန ကင်းစင်ကာ သီလနှင့်လည်း ပြည့်စုံပေသည် ။

ဒါန သီလ သမထ သည် ကံလမ်းဖြစ်သောကြောင့် ကံအကျိုးပေး ကိုယ်စီ ရှိကြပါသည် ။ ၀ိပဿနာသည် ဥာဏ်လမ်း ဖြစ်သောကြောင့် အလုံးစုံသော ဂုဏ်သတ္တိတို့နှင့် ပြည့်စုံပြီး နိဗ္ဗာန်တည်းဟူသော ငြိမ်းချမ်းခြင်း လွတ်မြောက်ခြင်းထိပါ အကျိုးပေးနိုင်ပါသည် ။

ဒါန သီလ သမထ ကို မလုပ်ရဟု ပြောခြင်း မဟုတ်ပါ ။ သို့သော် ကံလမ်းတွင် မေ့လျော့ လမ်းဆုံးမနေပဲ ဥာဏ်လမ်းသို့ ကူးပြောင်း လျှောက်လှမ်းကြဖို့ အရေးကြီးလှပါသည် ။

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ

ရေချမ်းသစ်သီး ပန်းဆီမီးကို
ခိုင်ကြီးသဒ္ဒါ လှူပြီးကာမျှ
ငါ့မှာ ကောင်းကျိုး အလွန်းတိုးဟု
ယုံကိုးစိတ်ထဲ မရောင့်ရဲနှင့် ။

မစဲည နေ့ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး မြဲရှိခိုး၍
ကောင်းကျိုးပွားစည် ကြီးလာပြီဟု
ယုံကြည်အားရ စိတ်မချနှင့် ။

ဓါရဏနှင့် ဓမ္မစင်္ကြာ
မေတ္တာပဌာန်း ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော် မစောင့်မျှော်နှင့် ။

ဂုဏ်တော်ပုတီး သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ ငြိမ်သက်စွာဖြင့်
သဒ္ဒါကြည်ယုံ စိတ်ပြီးရုံဖြင့်
လုံလောက်လှပြီ မရပ်တည်နှင့် ။

သပြေသစ်သီး ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွတ် စေလွှတ်မေတ္တာ
တစ်ရာ့ရှစ်သီး စိတ်ပုတီးကို
မငြီးဆင့်ကဲ စိတ်မြဲစိတ်ပါ မဖြတ်ပါနှင့် ။

ဆက်ကာတစ်မျိုး ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန် မျှော်ကိုးမှန်က
ရုပ်နာမ်ခွဲခြား ကျင့်ပါတရားသာ
သံသရာဝဋ် ထွက်လွတ်စေကြောင်း လမ်းမှန်ကောင်းဟု

ညွတ်ပြောင်းစိတ်ထဲ ယုံကြည်စွဲလျက်
အမြဲနေ့ည ၀ိပဿနာ ဘာဝနာကို
ခိုင်မာဆန္ဒ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိ ရှိပါစေ ။

မဟာသဒ္ဓမ္ဗဇောတိက ဦးအောင်သိမ်း

ခွင့်လွှတ်စေကြောင်း


ကျွန်ုပ်နှင့် ဘ၀ အဆက်ဆက် ကမ္ဘာအဆက်ဆက် သံသရာအဆက်ဆက်မှ ရန်ငြိုးရန်စ အာဃာတ ရှိသူများအား ခွင့်လွှတ်ကျေအေးပေးပါရန် တောင်းပန်ပါ၏ ။ ကျွန်ုပ်မှလည်း ခွင့်လွှတ်ကျေအေးပေးပါ၏ ။ ကျန်းမာပါစေ ချမ်းသာပါစေ ငြိမ်းချမ်းနိုင်ကြပါစေ ။

ဝေဒနာ ပြီးတော့ ပညာ

ခန္တီ ရှိမှ သီလ၊ သမာဓိ၊ ပညာသိက္ခာ သုံးပါးဖြစ်ပေါ်နိုင်တာ။
ဝိပဿနာရှုမှတ်နေသော သူတော်ကောင်း
ဝေဒနာ နဲ့ တဏှာ နှိပ်စက်မှုကို
သည်းခံခြင်းဖြင့် အောင်မြင်ပါလော့ ။

သာဓုခေါ်ခြင်းနှင့် အမျှပေးဝေခြင်း


သူတော်စင် သူတော်မြတ်များ နေ့စဉ် ပေးဝေသည့် ကုသိုလ်အဖို့ဘာဂကို ကျွန်ုပ်တို့မှ သာဓုခေါ်ပါ၏ ။
သာဓု သာဓု သာဓု ။

ကျွန်ုပ်တို့ နေ့စဉ်ပြုလုပ်အပ်သော ဒါနကုသိုလ် သီလကုသိုလ် သမထ ၀ိပဿနာ ကုသိုလ်ကိုလည်း ( ၃၁ ) ဘုံ ၌ ကျင်လည်ကုန်သော လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့အား အမျှပေးဝေပါ၏ ။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ။

Myanmar pagoda photo gallery


ပုဂံ ဘုရားများ



မကွေး ဘုရားများ


ကျိုက်ထီးရိုး ဘုရားပုံတော်များ


မန္တလေး ဘုရားပုံတော်များ


မင်းဘူး ဘုရားပုံတော်များ


ပုပ္ပား


လောကဓံ

လောကဓံ ရှစ်ပါး တစ်ပါးပါးတော့ အမြဲလာမည် ။
၁။ လာဘော-ဥစ္စာပေါများ၍ တက်ကြွတုန်လှုပ်ခြင်း။
၂။ အလာဘော-ဥစ္စာနည်းပါး၍ ညှိုးငယ် တုန်လှုပ်ခြင်း။
၃။ ယသော-အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း။
၎။ အယသော-အခြံအရံနည်းပါး၍ ညှိုးငယ်တုန်လှုပ်ခြင်း။
၅။ နိန္ဒံ-ကဲ့ရဲ့ခံရ၍ ညှိုးငယ်တုန်လှုပ်ခြင်း။
၆။ ပသံသံ-ချီးမွမ်းခံရ၍ တက်ကြွတုန်လှုပ်ခြင်း။
၇။ သုခံ-ချမ်းသာခြင်းကို စွဲ၍ တက်ကြွတုန်လှုပ်ခြင်း။
၈။ ဒုက္ခံ-ဆင်းရဲခြင်းကို စွဲ၍ ညှိုးငယ်တုန်လှုပ်ခြင်း။

ကျေးဇူးတင်ခြင်း

ကျနော်ရဲ့ ဒေါသစိတ် လောဘစိတ် မောဟစိတ် မာန်မာနစိတ်တွေကို အမြဲပြန်စစ်ခွင့်ရနေတဲ့အတွက် ချီးကျူးသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ ဝေဖန်သည်ဖြစ်စေ အမှန်တကယ်ပင် ကျေးဇူးတင်ရှိပါသည် ။

သစ္စာလေးပါး တရားတော်များ DownLoad ချရန်

ဓမ္မစကားဝိုင်း

Zawgyi Font Converter ( မြန်မာစာ မပေါ်ပါက ပြောင်းယူရန် )