ဓမ္မရတနာ ဆိုသည်မှာ
ဗုဒ္ဓ ၊ ဓမ္မ ၊ သံဃ စတဲ့ ရတနာ သုံးပါးသည် ဗုဒ္ဓဘာသာဝင်တိုင်း ဆည်းကပ်ကိုးကွယ်ရာ ၊ ကြည်ညိုပူဇော်ရာ ၊ အမြတ်တနိုးထားရာ ရတနာသုံးပါး မဟုတ်ပါလော ။ အဘယ့်ကြောင့် ရတနာနှင့် နှိုင်းယှဉ် ရသနည်းဟု ဆိုလာလျှင် ဗုဒ္ဓ ဓမ္မ သံဃတို့၏ ကျေးဇူးဂုဏ်တို့အား တန်ဖိုး မဖြတ်နိုင်သောကြောင့် ပင်တည်း ။ ဓမ္မဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား သဘာဝတရားဖြစ်သည် ။ မြတ်စွာဘုရား မပွင့်ခင်ကတည်းက ရှိခဲ့သည် ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာလည်း ရှိခဲ့သည် ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက်ပိုင်း တွင်လည်း ရှိနေသည် ။ အချိန်တိုင်း အမြဲတမ်း မှန်ကန်နေသော တရားသည် ဓမ္မပင် ဖြစ်ပေတော့သည် ။ ရတနာကို ရတနာမှန်း မသိသော သူတို့သည် အဖိုးအန ဂ္ဃ ထိုက်တန်လှသော ရတနာပုံ အပေါ်သို့ ရောက်နေ သော်ငြားလည်း ရတနာတို့၏ တန်ဖိုးကို မသိသဖြင့် မည်သို့ ထုတ်ယူသုံးစွဲခြင်းငှာ မစွမ်းနိုင်သကဲ့သို့ သံသရာ ၀ဋ်ဆင်းရဲတွင်းမှ လွတ်ကင်းရာ နိဗ္ဗာန်လမ်းကို ပြညွှန်သော မြတ်ဗုဒ္ဓ၏ ဓမ္မတန်ဖိုးကို မသိကြကုန်သော သူတို့ သည်လည်း ဗုဒ္ဓသာသနာတော်၏ အနှစ်သာရ တန်ဖိုးကို ထုတ်ယူသုံးစွဲ ကျင့်ကြံအားထုတ်ခြင်းငှာ မစွမ်းနိုင် ကြပေ ။ |
ဓမ္မမြတ်နိုးသူ kyawSein စီဘောက် မှာ ရေးပေးခဲ့တဲ့ လင့်ခ်လေးတွေကို ပြန်လည် မျှဝေလိုက်တာပါ ။
KyawSein: ဆရာတော်ဦးဇောတိက နှင့် ဆရာဦးဆန်းလွင် တို့ အမေးအဖြေ တရားဖိုင်လေးပါ
Download
KyawSein: တရား နှလုံးသွင်းပီးသေလျှင် နတ်ပြည်ရောက်ကြောင်း နတ်သမီးကိုယ်တိုင် မြေးဖြစ်သူအား ဓါတ်စီးပီး ပြောပြသော အမှန်တရား ။
Download
KyawSein: ဒါက HIV ဝေဒရှင်ရဲ့ အမှန်တရားကို ယုံကြည်ကိုးကွယ်လာပုံပြောပြထားတဲ့ တရားပါ
Download
0 ဝေဖန်မှု